skip to main | skip to sidebar

Blogger templates

27 May 2012

31-08-2011 ၀ါကျွတ် အီးဒ် ပွဲတော်

0 comments
31-08-2011 ၀ါကျွတ် အီးဒ် ပွဲတော် မွတ်စလင်မ် အမျိုးသမီး သာသနာ့ရိပ်သာ အီးဒ် ဆွလာသ် စုပေါင်း ၀တ်ပြုပွဲ အလ်ဟာဂ်ျ မွတ်ဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)

ဂျေရုစလင်မ်(အပိုင်း၃)

0 comments

ဂျေရုစလင်မ်(အပိုင်း၃)
JERUSALEM (Part Theree)
အစ္စလာမ်သာသနာနှင့် ဂျေရုစလင်မ်မြို့တော်

အလ်ဟာဂ်ျ မုဖ်သီး ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)

ချီးမွမ်းခြင်းအပေါင်းတို့သည် စကြာဝဠာလောကခပ်သိမ်းအား ပြုစုပျိုးထောင်တော်မူသော အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်အတွက်သာ ဖြစ်တော်မူပါ၏။ ထိုအရှင်မြတ်စေလွှတ်တော်မူသော လူသားအလင်းပြနဗီ တမန်တော်အပေါင်းနှင့် နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင်(ဆွ)အပေါ်သို့ ငြိမ်းချမ်းသာယာမှု အဖြာဖြာသက်ရောက်ပါစေ။

ညီနောင်ညီအစ်မအပေါင်းတို့ခင်ဗျာ

အတ်စ္စလာမုအလိုင်းကွန်းမ် ၀ရဟ်မသုလ်လာဟိ ၀ဗရကာသုဟ်

ကျွန်တော်အနေနဲ့ ပြီးခဲ့တဲ့အပတ်က အစ္စရေးလူမျိုးများပေါ်ပေါက်လာပုံ သူတို့ရဲ့ ကျွန်ဘ၀ သူတို့ရဲ့ ရွှေရောင်ခေတ်၊ ဂျေရုစလင်မ်နှစ်ကြိမ်ဖျက်ခံရခြင်း။ ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာနဲ့ ဂျေရုဆင်လင်မ် မြို့တော်ဆက်နွယ်မှုတွေ အကြောင်းတင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီအပတ်မှာ အစ္စလာမ်သာသနာနဲ့ ဂျေရုစလင်မ် မြို့တော်အကြောင်းတင်ပြမှာဖြစ်ပါတယ်။ ဒီအကြောင်းကိုနားလည်ဖို့အတွက် ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာနဲ့ အစ္စလာမ်ဘာသာတို့ရဲ့ ဆက်နွယ်မှုနဲ့ ကွာခြားသွားမှုတွေကို အခြေခံသိထားဘို့ လိုအပ်ပါတယ်။

ဂျေရုစလင်မ် (အပိုင်း - ၂)

0 comments
(သခင်ယေရှု ၊ ဂျူးဘာသာ ၊ ခရစ်ယာန်ဘာသာနှင့် ဂျေရုစလင်မ် မြို့တော် ဆက်နွယ်ပုံ)
JERUSALEM (PART TWO)

အလ်ဟာဂ်ျ မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)

ချီးမွမ်းခြင်းအပေါင်းတို့သည် စကြ၀ဠာလောကခပ်သိမ်းတို့အား ပြုစုပျိုးထောင်တော်မူသော အနှိုင်းမဲ့ ကိုးကွယ်ရာ မြတ်အလ္လာဟ်အတွက်သာ ဖြစ်တော်မူပါ၏။ ထိုအရှင်မြတ် စေလွှတ်တော်မူသော လူသားအလင်းပြ ပုဂ္ဂိုလ် နဗီတမန်တော်အပေါင်းနှင့် နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင် (ဆွ) အပေါ်သို့ ငြိမ်းချမ်းမှုအဖြာဖြာ ကျရောက်ပါစေ။

ညီနောင်အပေါင်းတို့ခင်ဗျာ…..

အတ်စ္စလာမုအလိုင်းကွန်းမ်း ၀ရဟ်မသုလ်လါဟိ ၊ ၀ဗရကါးသုဟ်

ကျွန်တော်အနေနဲ့ ဒီအပတ်မှာ ဂျေရုစလင်မ် ဒုတိယပိုင်းကို တင်ပြမှာ ဖြစ်ပါတယ်။ ဒီကဏ္ဍမှာ သခင်ယေရှု နဲ့ ဂျေရုစလင်မ် ၊ ဂျူးဘာသာဝင်တွေနဲ့ ဂျေရုစလင်မ် ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဂျေရုစလင်မ်၊ အစ္စလာမ် ဘာသာဝင်နဲ့ ဂျေရုစလင်မ်မြို့တော်အကြောင်း ဆက်နွယ်မှုတွေကို ရှင်းလင်းတင်ပြမှာဖြစ်ပါတယ်။

သခင်ယေရှု (တမန်တော်အီစာ) နှင့် ဂျေရုစလင်မ်မြို့တော် (Jesus & Jerusalem)



သခင်ယေရှု (ခ) တမန်တော်အီစာရဲ့ မိခင်ဟာ မေရီ (ခ) မရ်ယမ်သခင်မဖြစ်ပါတယ်။ အစ္စရေးလ်မျိုးနွယ်က ဖြစ်ပါတယ်။ သူမရဲ့မိခင်က သူ့မကို ဂျေရုစလင်မ်ဝတ်ကျောင်းတော်ကို သာသနာအတွက် လှူဒါန်းခဲ့ပါတယ်။ ဒါကြောင့် မရ်ယမ်သခင်မဟာ ငယ်ရွယ်စဉ်ကတည်းက ဂျေရုစလင်မ်ကျောင်းတော်မှာ တမန်တော်

ဂျေရုစလင် (အပိုင်း ၁)

0 comments
ဂျူးဘာသာနှင့် ဂျေရုစလင်မ်၊ အစ္စရေးတို့တောလည်ခြင်း၊ ၎င်းတို့၏ရွှေရောင်ခေတ်၊ ဂျေရုစလင်မ်နှစ်ကြိမ်ဖျက်ခံရခြင်း

ချီးမွမ်းခြင်းအပေါင်းတို့သည်စကြာဝဠာလောကခပ်သိမ်းအားပြုစုပျိုးထောင်တော်မူသော အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ် အတွက်သာဖြစ်တော်မူပါ၏။ ထိုအရှင်မြတ်စေလွှတ်တော်မူသော လူသားအလင်းပြနဗီ တမန်တော်အပေါင်းနှင့် နောက်ဆုံး တမန်တော်ချုပ်မုဟမ္မဒ်သခင်(ဆွ)အပေါ်သို့ ငြိမ်းချမ်းသာယာမှု အဖြာဖြာ သက်ရောက်ပါစေ။

ညီနောင်၊ ညီအစ်မအပေါင်းတို့ခင်ဗျား-
အတ်စ္စလာမုအလိုင်းကွန်းမ်၊ ၀ရဟ်မသုလ်လါဟိ၊ ၀ဗရကါးသုဟ်။ ဒီအပတ်မှာကျွန်တော့်အနေနဲ့ "ဂျေရုစလင်မ်" ဆိုတဲ့ခေါင်းစဉ် ကို တင်ပြမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ''တမန်တော်မြတ်၏ညဥ့်ခရီးနှင့် မိအ်ရာဂ်ျအနှစ်သာရ''ဆိုတဲ့ ခေါင်းစဉ်တင်ပြခဲ့
တုံးက ကမ္ဘာ့မွတ်စလင်မ်ထုအနေနဲ့ ဂျေရုစလင်မ်မြို့မှာရှိတဲ့အတ်ကဆွါဝတ်ကျောင်းတော်ကို အချစ်ထားကြရမယ့်အကြောင်း တင်ပြခဲ့ပြီဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တမန်တော်ချုပ် မုဟမ္မဒ်(ဆွ)က မက္ကဟ်မြို့မှာရှိတဲ့ ကအ်ဗဟ်ဝတ်ကျောင်းတော်နဲ့
မဒီနဟ်မြို့မှာရှိတဲ့ တမန်တော်မြတ်(ဆွ)ရဲ့ဝတ်ကျောင်းတော်ပြီးရင် ဂျေရုစလင်မ်မြို့မှာရှိတဲ့ အတ်ကဆွါဝတ်ကျောင်းတော်ဟာ
ဝိညာဉ်ပိုင်းဆိုင်ရာအရ မွတ်စလင်မ်တွေအတွက် တတိယအမြတ်ဆုံးဖြစ်တယ်လို့ လမ်းညွှန်ထားပါတယ်။