skip to main | skip to sidebar

Blogger templates

27 May 2012

ဂျေရုစလင်မ်(အပိုင်း၃)


ဂျေရုစလင်မ်(အပိုင်း၃)
JERUSALEM (Part Theree)
အစ္စလာမ်သာသနာနှင့် ဂျေရုစလင်မ်မြို့တော်

အလ်ဟာဂ်ျ မုဖ်သီး ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)

ချီးမွမ်းခြင်းအပေါင်းတို့သည် စကြာဝဠာလောကခပ်သိမ်းအား ပြုစုပျိုးထောင်တော်မူသော အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်အတွက်သာ ဖြစ်တော်မူပါ၏။ ထိုအရှင်မြတ်စေလွှတ်တော်မူသော လူသားအလင်းပြနဗီ တမန်တော်အပေါင်းနှင့် နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင်(ဆွ)အပေါ်သို့ ငြိမ်းချမ်းသာယာမှု အဖြာဖြာသက်ရောက်ပါစေ။

ညီနောင်ညီအစ်မအပေါင်းတို့ခင်ဗျာ

အတ်စ္စလာမုအလိုင်းကွန်းမ် ၀ရဟ်မသုလ်လာဟိ ၀ဗရကာသုဟ်

ကျွန်တော်အနေနဲ့ ပြီးခဲ့တဲ့အပတ်က အစ္စရေးလူမျိုးများပေါ်ပေါက်လာပုံ သူတို့ရဲ့ ကျွန်ဘ၀ သူတို့ရဲ့ ရွှေရောင်ခေတ်၊ ဂျေရုစလင်မ်နှစ်ကြိမ်ဖျက်ခံရခြင်း။ ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာနဲ့ ဂျေရုဆင်လင်မ် မြို့တော်ဆက်နွယ်မှုတွေ အကြောင်းတင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီအပတ်မှာ အစ္စလာမ်သာသနာနဲ့ ဂျေရုစလင်မ် မြို့တော်အကြောင်းတင်ပြမှာဖြစ်ပါတယ်။ ဒီအကြောင်းကိုနားလည်ဖို့အတွက် ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာနဲ့ အစ္စလာမ်ဘာသာတို့ရဲ့ ဆက်နွယ်မှုနဲ့ ကွာခြားသွားမှုတွေကို အခြေခံသိထားဘို့ လိုအပ်ပါတယ်။

ဘာသာတရားများ၏ အရင်းအမြစ်သည် အစ္စလာမ်ဖြစ်ခြင်း

“အစ္စလာမ် ”ဆိုတဲ့အဓိပ္ပါယ်ဟာ “ အနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်ကို နာခံအပ်နှုင်းခြင်းဖြင့် ငြိမ်းချမ်းမှုရရှိခြင်း ” လို့ရပါတယ်။ ဒါကြောင့် ရှေ့မှာ ကျွန်တော်တင်ပြခဲ့ သလို ကမ္ဘာဦကတည်းက စတင်ပေါ်ထွန်းခဲ့ကြတဲ့ အာဒမ်၊ နူုဟ်၊ အီဗ်ရာဟိမ် စတဲ့ နဗီတမန်တော်အလင်းပြပုဂ္ဂိုလ်တွေ၊ သခင်ယေရှုအပါအ၀င် အစ္စရေးလူမျိုး နဗီတမန်တော်အားလုံးဟာ အစ္စလာမ်လို့ခေါ်တဲ့ “ ငြိမ်းချမ်းရေး လမ်းစဉ်ကိုပဲ ဟောကြားသွန်သင်ခဲ့ပါတယ်။ ရှေးနဗီ တမန်တော်အပေါင်းကလည်း နောက်ဆုံး နဗီတမန်တော်ချူပ် မုဟမ္မဒ်(ဆွ) ပေါ်ထွန်းမယ့်အကြောင်းကို ကြိုတင်သတင်းကောင်းများ ပေးခဲ့ကြပါတယ်။ ကျွန်တော်ရဲ့ “ ထိုပုဂ္ဂိုလ်ဘယ်သူလဲ” ဆိုတဲ့ ဟောကြားချက်ကိုလေ့လာနိုင်ပါတယ်။ အစ္စလာမ်တရားတော်အရ အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ဟာ ဘုရားမဟုတ်ပါ။ လူသားဘုရားများကို ဖန်ဆင်းရှင်။ တရားအလင်းရောင်ပေးတဲ့ အရှင်၊ တရားစီရင် စစ်ဆေးမယ့် အရှင်ဖြစ်တော်မူပါတယ်။ မြန်မာဝေါဟာရအရ ဆိုရင် လူသားနဗီတမန်တော်များကို လူသားဘုရားများလို့ ဆိုနိုင်ပြီး သူတို့ဟာ ကိုးကွယ်ရာများမဟုတ်ကြပါဘူး။ အလ္လာဟ်သာ ကိုးကွယ်ခြင်းကို ခံထိုက်တော်မူပါတယ်။

ဂျူး၊ ခရစ်ယာန် နှင့် အစ္စလာမ်ဘာသာတို့၏ အဓိက ကွာခြားချက်အချို့

ဂျူးရော၊ ခရစ်ယာန်ရော၊ မွတ်စလင်မ်တွေပါ တဆူတည်းသောကိုးကွယ်ရာ (single God) ကိုသက်ဝင်ယုံကြည်ကြပေမယ့် ခံယူချက်တွေ ကွဲသွားခဲ့ကြပါတယ်။

၁) ဂျူးတွေက အနှိုင်းမဲ့ကိုးကွယ်ရာ “တစ်” လို့ယုံကြည့်ပေမယ့် လူမျိုးစွဲ ရှေ့တန်းတင်ခြင်း၊ အစ္စရေးတွေရဲ့ ကိုးကွယ်ရာလို့ ဆိုလိုကြပါတယ်။ ခရစ်ယာန်လောကမှာတော့ ရှင်ပေါလုကို အခြေခံတဲ့အုပ်စုက သုံးပါးတဆူဝါဒ (Trinity) ကိုဟောကြားပြီး အဘဘုရား (God )၊ သားတော်ဘုရား (သခင်ယေရှု) နဲ့ သန့်ရှင်းသောဝိဥာဉ်တော် အဖြစ်ယုံကြည်ကြပါတယ်။ ရှင်ဗရ်နာဗတ်စ် ( St Barnabas ) ဟာ သခင်ယေရှုရဲ့ ညာလက်ရုံး သာဝကကြီးဖြစ်ပြီး၊ ဓမ္မဟောင်းနဲ့ သခင်ယေရှု့ရဲ့ မူရင်းသွန်သင်ချက်အတိုင်း အနှိုင်မဲံကိုးကွယ်ရာ တပါးသာဖြစ်ကြောင်း ဟောကြားသွန်သင်ခဲ့ပါတယ်။ ရှင်ပေါလု (St Paul) ဟာ သခင်ယေရှုကိုလည်း မမြင်ဘူးခဲ့ပါဘူး။ သခင်ယေရှုရဲ့ တပည့်သာဝက လည်း မဟုတ်ခဲ့ပါဘူး။ ဒီအပြင် သခင်ယေရှုကို ယုံကြည်သူတွေကို နှိပ်ကွပ်ခဲ့တဲ့ သူတဦးလည်းဖြစ်ပါတယ်။ သခင်ယေရှုမရှိတဲ့ နောက်မှ “အမြင်” ရတယ်ဆိုပြီး သုံးပါးတဆူ ၀ါဒကို သွတ်သွင်းလာခဲ့ခြင်းသာ ဖြစ်ကြောင်း သမိုင်းမှာ အခိုင်အမာရှိနေခဲ့ပါတယ်။

၂) သခင်ယေရှုနဲပ ပတ်သက်လို့ ဂျူးတွေကိ လူလိမ်လို့ဆိုကြပါတယ်။ သူရဲ့မိခင် အပျိုစင် မေရီ(ခ) မာရီယမ်သခင်မကိုလည်း အမျိုးမစစ်ဘူးလို့ စော်ကားပြောဆိုကြပါတယ်။ ခရစ်ယာန်လောကမှာ ရှင်ပေါလုတို့အုပ်စုက သခင်ယေရှုကို သုံးပါးတဆူထဲက ဘုရာားးတော်( God The Son) နဲ့ ထာဝရဘုရားရဲ့ တဦးတည်းသော သားတော်ဆိုပြီး ကိုးကွယ်ရာအဆင့်ကို မြှင့်တင်ပြောဆိုကြပါတယ်။ ဒါပေမယ် ရှင်ဗရ်နာဗတ်စ် အုပ်စုကတော့ သခင်ယေရှုဟာ အနှိုင်းမဲ့ကိုးကွယ်ရာ  (God) ရဲ့ ဖန်ဆင်းခံနဲ့ စေတမန်အဖြစ်သာ ယုံကြည်ဟောကြားခဲ့ကြပါတယ်။ မွတ်စလင်တွေကလည်း ဒီအတိုင်းဘဲ ယုံကြည်ပါတယ်။ မေရီသခင်မကိုလည်း သန့်စင်မြင့်မြတ်သူ တဦးအဖြစ် ချစ်မြတ်နိုးကြပါတယ်။

၃) လက်ဝါးကပ်တိုင်တင်ခြင်း (Crucitixion) နဲပတ်သက်လို့ ဂျူးတွေက သူတို့ဟာ သခင်ယေရှုကို အပြစ်ပေးတဲ့အနေနဲ့ လက်ဝါးကပ်တိုငပေါ်တင်ပြိး သတ်လိုက်တာလို့ ဂုဏ်ယူပြောဆိုကြပါတယ်။ ရှင်ပေါလုကတော့ သခင်ယေရှုဟာ လူသားတွေရဲ့ အပြစ်ကိုဆေးကြောဘို့ ထာဝရဘုရားက သူရဲ့တဥိးတည်းသော သားတော်ကို လက်ဝါးကပ်တိုပေါ်ရောက်စေပြီး သွေးနဲ့ အပြစ်တွေကို ဆေးကြောတာလို့ သွန်သင်ခဲ့ပါတယ်။ သခင်ယေရှုရဲ့ ညာလက်ရုံး သာဝကကြီး ဗရ်နားဗက်စ်ကတော့ ရှင်ပေါလုရဲ့သွန်သင်ချက်မမှန်ကန်ကြောင်း သစ္စာဖေါက် တပည့် ဂျူဒ (Judas) ဟာ သခင်ယေရှုရဲ့ မျက်နှာအဖြစ်ပြောင်းသွားပြီး ရောမတွေက ဖမ်းဆီးခြင်းကိုခံရပြီး သခင်ယေရှုအထင်ဖြင့် လက်ဝါးကပ်တိုင်ပေါ်တင်သတ်ခံရခြင်းဖြစ်ကြောင်းကို သူရဲ့ Gospel of Baroabas မှာဖော်ပြထားပါတယ်။ ဒါကြောင့် အနှိုင်းမဲ့ကိုးကွယ်ရာ အရှင်မြတ် အလ္လာဟ် ကိုယ်တိုင်က ကုရ်အာန်ကျမ်းတော်မြတ်မှာ သခင်ယေရှုဟာ ဂျူးတွေပြောသလို အသတ်ခံခဲ့ရခြင်းလဲ မ၇ှိ၊ သုံးပါးတဆူဝါဒ ခရစ်ယာန်တွေပြောသလို လက်ဝါးကပ်တိုင်ပေါ်တင်ခံရခြင်းလည်းမရှိ၊ ဆင်တူယိုးမှားဖြစ်ခဲ့ပြီး သခင်ယေရှုကို အလ္လာဟ်အရှင်ကိုယ်တိုင်က ကယ်တင်မယူခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြထားပါတယ်။

၎) ဂျူးတွေက သခင်ယေရှုကို ရော၊ တမန်တော်မုဟမ္မဒ် (ဆွ) ကိုပါ ငြင်းပယ်ကြပါတယ်။ သုံးပါးတဆူဝါဒ ခရစ်ယာန်တွေကတော့ တမန်တော်မုဟမ္မဒ်(ဆွ) ကိုငြင်းပယ်ကြပါတယ်။ မွတ်စလင်မ်တွေကတော့ဂျူးတမန်တော်တွေရော၊ သခင်ယေရှုရော၊ တမန်တော်မုဟမ္မဒ်(ဆွ) ကိုပါလက်ခံကြပါတယ်။


တမန်တော်မြတ် မုဟမ္မဒ်(ဆွ) နှင့် ဂျေရုစလင်မ်

            တမန်တော်မြတ်ရဲ့ မိဟ်ရာဂ်ျ အဆန်ခရီးဟာ ဂျေရုစလင်မ်ဝတ်ကျောင်းတော်က တဆင့်ဖြစ်ကြောင်း အနှိုင်းမဲ့ကိုးကွယ်ရာမြတ်အလ္လာဟ်ဟာ ဂျေရုစလင်မ်ဝတ်ကျောင်းတော်ရဲ့ ၀န်းကျင်ကိုကောင်းချီးမင်္ဂလာ အပေါင်းနဲ့ ပြည်စုံ စေကြောင်း၊ ဂျေရုစလင်မ်ဝတ်ကျောင်းတော်ဟာ မွတ်စလင်မ်တို့ နေ့စဉ်ဆွလာသ်ဝတ်ပြုရင် မျက်နှာမူရာ “ ပထမ ကိဗ်လဟ်” ဖြစ်ခဲ့ကြောင်းရှေ့မှာ ကျွန်တော်တင်ပြပြီးဖြစ်ပါတယ်။ (ကုရ်အာန် ၁၇း၁ ၊ ၂း ၁၄၂- ၁၄၇)

မွတ်စလင်မ်တို့၏ အုပ်ချူပ်မှုအောက်၌ ဂျေရုစလင်မ် ဖွံ့ဖြိုးခဲံခြင်း

            အစ္စလာမ်မပေါ်ထွန်းခင်က ပါလက်စတိုင်းဒေသဟာ အာရှ၊ အာဖရိကနဲ့ ဥရောပအချက်အချာကျတဲ့ နေရာဖြစ်နေလို့ ဘေဘီလုံ၊ ဟစ်တီ၊ အီဂျစ်၊ ပါရှန်၊ ဂရိ(ခေါမ)၊ ရောမ စတာတွေရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ ရပါတယ်။ အစ္စလာမ်သာသနာပေါ်ထွန်းပြီးနောက် ဒုတိယ ခလိဖဟ် သမ္မတကြီး ဟဇရာသ် အုမာရ်(ရသွေ့) ရဲ့လက်ထက် (အေဒီ ၆၃၆) မှာဂျေရုစလင်မ်မြို့သော့ကို ခရစ်ယာန်ဘုန်းတော်ကြိး က သမ္မတကြီးထံ ကိုယ်တိုင်အပ်နှံချင်တယ်ဆိုလို့ ခလီဖဟ်ကြီးဟာ ဂျေရုစလင်မ်မြို့ကို သွားရောက်ခဲ့ရပါတယ်။ အစ္စလာမ်အုပ်ချူပ်ရေးအောက်မှာ ဂျူး၊ ခရစ်ယာန်တွေဟာ လုံခြုံငြီမ်းချမ်းစွားနေထိုင်ခဲ့ကြပြီး ဘာသာတရားလွတ်လပ်စွာ ကိုးကွယ်ကျင့်သုံးခွင့်ကို အပြည့်အ၀ ရရှိခဲ့ကြပါတယ်။ ဂျိဇ်ယာလို့ခေါ်တဲံ မပြောပလောက်တဲ့ အခွန်ကိုသာ ပေးကြရပြီး အဲဒီလိုပေးဆောင်တဲ့ အတွက် မွတ်စလင်မ်အစိုးရက သူတို့ရဲ့ လုံခြုံရေးကို တာဝန်ယူရရပါတယ်။ ဒီအပြင်သူတို့တွေဟာ စစ်ဖြစ်ရင် ၀င်တိုက်စရာတောင်မလိုပါဘူး။ ဒီအခွန်ကို သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ မိန်းမတွေ အလုပ်အကိုင်မရှိသေးတဲ့ သူတွေပေးဆောင်စရာ မလိုပါဘူး။ နိုင်ငံတော်ကို မွတ်စလင်မ်တွေပေးဆောင်ရတဲံ ဇကါသ်ဟာ အဲဒီ ဂျိဇ်ယါထက်ပိုများလေ့ ရှိခဲ့ပါတယ်။။ ခလီဖဟ် သမ္မတကြီး အုမာရ်(ရသွေ့) ဟာ ဂျေရုစလင်မ်ဝတ်ကျောင်းတော်ကို ပြန်လည်တည်ဆောက်ခဲ့ပါတယ်။

ခရူးဆိတ်စစ်ပွဲများ

            ခရစ်ယာန်ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် အာဗန် (Urban II )လက်ထက်မှာ မွတ်စလင်မ်တွေဟာ ခရစ်တော်ကို ဆန့်ကျင်သူများဖြစ်တယ်ဆိုပြီး ဂျေရုစလင်မ်လွတ်မြောက်ေ၇းအတွက် ဥရောပသားတွေစုပြိး နှစ်(၂၀၀)လောက် ခရူးဆိတ်စစ်ပွဲတွေ ဆင်နွဲခဲ့ကြပါတယ်။ အေဒီ ၁၀၉၉ မှာ ဥရောပသားခရစ်ယာန်တွေဟာ မွတ်စလင်မ်တွေလက်ထဲက ဂျေရုစလင်မ်ကို သိမ်းယူခဲ့ပြီး မွတ်စလင်တွေရော၊ ဂျူးပါ လူ (၇၀၀၀၀) လောက် သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါတင်မက ဥရောပမှာရှိတဲ့ ဂျူးတွေလည်း ဖိနှိပ်ညှင်းပမ်းမှုများခံခဲ့ ကြရပါတယ်။ တကယ်တော့ခရစ်ယာန်တွေထင်ခဲ့သလို မွတ်စလင်တွေဟာ မဟုတ်ကြောင်း ၊ ယဉ်ကျေးမှုရှိတဲ့ သူတွေဖြစ်ကြောင်း သူတို့တစစ သိလာခဲ့ကြပါတယ်။

ဂျေရုစလင်မ်ကို မွတ်စလင်မ်တို့ ပြန်လည်အောင်နိုင်ခြင်း

            ဒီလိုနဲ့ အေဒီ (၁၁၈၇) ခုနှစ်မှာ မွတ်စလင်မ်စစ်သူကြိး ဆွလာဟုဒ်ဒိန်း ဦးဆောင်ပြီး ဂျေရုစလင်မ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ခရစ်ယာန်တို့ကို လည်း သတ်ဖြတ်ခြင်းမပြုခဲ့ပါဘူး။ ဒီအပြင်ဒုက္ခရင်ဆိုင်နေကြရတဲ့ ဂျူးတွေကိုလည်းပြန်လာခွင့်ပေးခဲ့ပါတယ်။ ( အရင်က အနောက်ကမ္ဘာရဲ့ မီဒီယာမှာ မွတ်စလင်မကောင်းကြောင်းတွေ ရိုက်ကူးရေးသားခဲ့ကြပါမယ့် အခုအခါခရူးဆိတ်စစ်ပွဲကာလနဲ့ မွတ်စလင်မ်တွေ အောင်နိုင်ချိန်မှာ မွတ်စလင်တွေဘယ်လောက် ယဉ်ကျေးမှုရှိသလဲဆိုတာကို Kingdom of Heaven ဆိုတဲံ ရုပ်ရှင် VCD/DVD မှာ အနောက်တိုင်းသားတွေကပဲ ရိုက်ကူးဖော်ပြထားပါတယ်။

ဂျူးတို့ ပါလက်စတိုင်းသို့ပြန်လာခဲ့ကြခြင်း

            ဂျေရုစလင်မ်ကို မွတ်စလင်မ်တွေ ပြန်လည်အောင်နိုင်ချိန်ကစပြီး ပါလက်စတိုင်းကိုပြန်လာခဲ့ကြတဲ့ ဂျူးတွေဟာ မိမိတို့ရဲ့ ဘိုးဘွားအမွေဌာနကို ပြန်လာခဲ့ကြတယ် ဆိုတဲ့ ယုံကြည့်ချက်တွေခံယူချက်တွေ နဲ့ မဟုတ်ခဲ့ကြပါဘူး သူတို့ ရောက်လေရာဒေသတွေမှာ ဖိနှိပ်ညှင်းပမ်းခံရလို့ ပြန်လာခဲ့ကြခြင်းသာဖြစ်ပါတယ်။
            အေဒီ (၁၃၀၀) ခုနှစ်မှာ အော်တိုမန်အင်ပါယာ (မွတ်စလင်တွေ) က ပါလက်စတိုင်းဒေသကို နှစ်ပေါင်း (၆၄၃)နှစ် ၊ မင်းဆက် (၃၇) ဆက် အုပ်ချူပ်ခဲ့ကြပါတယ်။ အေဒီ (၁၉၁၇) မှာ အော်တိုမန်အင်ပါယာ အဆုံးသတ်ပြီး ဗြိတိသျှတို့ သိမ်းပိုက်ခဲ့ခြင်းဖြစ်ပါတယ်။
            အေဒီ (၁၅)ရာစု မှာ ပထမဆုံး ဂျေရုစလင်မ်ကိုပြန်လာခဲ့ကြသူတွေကတော့ စပိန်နိုင်ငံက ဂျူးအနည်းငယ်သာဖြစ်ပါတယ်။ စပိန်မှာ မွတ်စလင်မ်တို့ နှစ်ပေါင်း(၈၀၀)လောက် ယဉ်ကျေးမှုကြီး ထွန်းကားပြီး အုပ်ချူပ်ခဲ့စဉ်က ဂျူးတွေရော၊ ခရစ်ယာန်တွေ့ပါ လုံခြုံငြိမ်းချမ်းစွာ နေထိုင်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် စပိန်ကို ခရစ်ယာန်တို့ သိမ်းပိုက်ပြီး မွတ်စလင်တွေကိုသွေးချောင်းစီးသတ်ခဲ့ကြပါတယ်။ ဂျူးတွေလည်း လုံခြုံမှုမရှိဖြစ်ခဲ့ရပါတယ်။ စပိန်မှာရှိတဲ့ ဂျူးအနည်းငယ်သာ ပါလက်စတိုင်းကို ပြန်လာခဲ့ကြပြိး ဂျူးအများစုကတော့ ပြင်သစ်၊ ဟော်လန်၊ အီတလီ၊ အီဂျစ်၊ ဆိုက်ပရပ်နဲ့ ဘောလကန်နိုင်ငံများမှာ သွားေ၇ာက်ခိုလှုံခံကြပါတယ်။
            ၁၇၈၉ ခုနှစ်မှာ ပြင်သစ်တော်လှန်ရေး ပေါ်ပေါက်လာပြီးနောက် အနောက်ဥရောပမှာ ဂျူးတွေရဲ့ အခြေအနေတိုးတက်လာခဲ့ပါတယ်။ အထူးသဖြင့် ပြင်သစ်နဲ့ အင်္ဂလန်မှာ အခွင့်အရေးတွေ ရလာခဲ့ကြပြိး ငွေကြေးကဏ္ဍမှာ ဂျူးတွေဦးဆောင်နိုင်ခဲ့ကြပါတယ်။ ဂျူးလုပ်ငန်းရှင်ကြိးတွေလည်း ဖြစ်လာခဲ့ကြပါတယ်။
            ၁၈၄၅ ခုနှစ်မှာ ပါလက်စတိုင်းမှာ လူဦးရေ ၃၅၀ ၀၀၀ ၇ှိခဲ့ပြီး ဂျူး ၁၂ ၀၀၀ သာဖြစ်ပါတယ်။
            ၁၈၈၀ ခုနှစ်မှာ ပါလက်စတိုင်းမှာ လူဦးရေ ၅၀၀ ၀၀၀ ရှိလာပြီး ဂျူး ၂၅ ၀၀၀ သာ ဖြစ်ခဲ့ပါတယ်။
            ဒါကြောင့် ၁၉ ရာစု အကုန်ပိုင်းမှာ ပါလက်စတိုင်းမှာ ဂျူး (၂၅ ၀၀၀) သာ ရှိခဲ့ပြီး သူတို့ဟာ ပါလက်စတိုင်းလူမှုဘ၀ရဲ့ အစိတ်အပိုင်းအနေနဲ့ လုံခြုံငြိမ်းခြမ်းစွာနေထိုင်ခဲံကြပြီး ဇီယွန်ဝါဒီများမဟုတ်ခဲ့ကြပါဘူး။ သူတို့ကို ကယ်တင်မယ့် “ မဆီဟ်” ကိုသာ စောင့်မျှော်နေသများသာ ဖြစ်ခဲ့ကြပါတယ်။
            ၁၈၈၂ ခုနှစ်မှာ ရုရှားမှာ ဂျူးတွေဟာ ဖိနှိပ်ညှင်းပမ်းမှုခံရပြီး ပိုလန်နဲ့ရိုမေးနီးယားမှာလည်း ဖိနှိပ်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဂျေရုစလင်မ်ကို ဗြိတိသျှတို့ သိမ်းယူခြင်း

            ၁၈၆၃ ခုနှစ် အော်တိုမန်အင်ပါယာရဲ့အုပ်ချူပ်ရေးအောက်မှာ ဂျေရုစလင်မ်မြို့တော်အုပ်ချူပ်ရေးကောင်စီဝင် (၅) ဥိးနဲ့ စတင်ဖွဲ့စည်းခဲ့တဲ့အခါ မွတ်စလင်မ် (၃)ဦး ခရစ်ယာန်(၁)ဦး၊ ဂျူး(၁)ဦး ပါဝင်ခဲ့ပါတယ်။ ခွဲခြားဖိနှိပ်ခြင်းမပြုခဲပါဘူ။ ဒီလိုနဲ့ ၁၉၁၇ ခုနှစ်အော်တိုမန် အင်ပါယာ အဆုံးသတ်ချိန်မှာ ဂျေရုစလင်မ်မြို့တော်ကို အုပ်ချူပ်ရေးမြူနီစီပါယ် ကောင်စီဝင် (၁၀)ဥိး ရှိခဲပြီး မွတ်စလင် (၆) ဦး၊ ခရစ်ယာန်(၂) ဦး၊ ဂျူး(၂) ဦး ပါဝင်ခဲ့ပါတယ်။ မွတ်စလင်တွေရဲ့ တရားမျှတမှုကိုတွေ့ရမှာဖြစ်ပါတယ်
            ဒါပေမယ့် အဲဒီအချိန်က ကိုလိုနီစနစ်ကျင့်သုံးတဲံ့ ဗြိတိသျှအစိုးကက အော်တိုမန်(တူရကီ) အင်ပါယာအောက်မှာ စုစည်းနေကြတဲ့ အာရဗ်တွေကို လွတ်လပ်ရေးဆိုပြီး မြှောက်ပင့် ပေးခဲ့လို့ အာရဗ်တွေ အုံကြွမှုကြောင် အော်တိုမင်အင်ပါယာကြိး ပြိုကွဲသွားခဲ့ရပါတယ်။ ဒါပေမယ့် အာရဗ်တွေထင်သလို လွတ်လပ်ရေးမရခဲ့ဘဲ ဥရောပရဲ့ကျွန်ဘ၀ ကို သက်ဆင်းခဲ့ရပါတယ်။ ပါလက်စတိုင်းဟာလည်း ဗြိတိသျှလက်အောက်ကို (၁၉၁၇) ကနေ(၁၉၄၇)အထိ နှစ်(၃၀) ကျရောက်သွားခဲ့ရပါတယ်။
            အင်ရှာအလ္လာဟ် လာမယ့်အပတ်မှာ ဂျေရုစလင်မ်စတုတ္ထအပိုင်းအနေနဲ့ ဗြိတိသျှ လက်ထက်မှာ ဇီယွန်ဝါဒ ပေါ်ပေါက်လာခြင်းအကြောင်းကို တင်ပြပေးပါ့မယ်။


အလ်ဟာဂ်ျ မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)

0 comments:

Post a Comment