skip to main | skip to sidebar

Blogger templates

27 May 2012

ဂျေရုစလင်မ် (အပိုင်း - ၂)

(သခင်ယေရှု ၊ ဂျူးဘာသာ ၊ ခရစ်ယာန်ဘာသာနှင့် ဂျေရုစလင်မ် မြို့တော် ဆက်နွယ်ပုံ)
JERUSALEM (PART TWO)

အလ်ဟာဂ်ျ မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)

ချီးမွမ်းခြင်းအပေါင်းတို့သည် စကြ၀ဠာလောကခပ်သိမ်းတို့အား ပြုစုပျိုးထောင်တော်မူသော အနှိုင်းမဲ့ ကိုးကွယ်ရာ မြတ်အလ္လာဟ်အတွက်သာ ဖြစ်တော်မူပါ၏။ ထိုအရှင်မြတ် စေလွှတ်တော်မူသော လူသားအလင်းပြ ပုဂ္ဂိုလ် နဗီတမန်တော်အပေါင်းနှင့် နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင် (ဆွ) အပေါ်သို့ ငြိမ်းချမ်းမှုအဖြာဖြာ ကျရောက်ပါစေ။

ညီနောင်အပေါင်းတို့ခင်ဗျာ…..

အတ်စ္စလာမုအလိုင်းကွန်းမ်း ၀ရဟ်မသုလ်လါဟိ ၊ ၀ဗရကါးသုဟ်

ကျွန်တော်အနေနဲ့ ဒီအပတ်မှာ ဂျေရုစလင်မ် ဒုတိယပိုင်းကို တင်ပြမှာ ဖြစ်ပါတယ်။ ဒီကဏ္ဍမှာ သခင်ယေရှု နဲ့ ဂျေရုစလင်မ် ၊ ဂျူးဘာသာဝင်တွေနဲ့ ဂျေရုစလင်မ် ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဂျေရုစလင်မ်၊ အစ္စလာမ် ဘာသာဝင်နဲ့ ဂျေရုစလင်မ်မြို့တော်အကြောင်း ဆက်နွယ်မှုတွေကို ရှင်းလင်းတင်ပြမှာဖြစ်ပါတယ်။

သခင်ယေရှု (တမန်တော်အီစာ) နှင့် ဂျေရုစလင်မ်မြို့တော် (Jesus & Jerusalem)



သခင်ယေရှု (ခ) တမန်တော်အီစာရဲ့ မိခင်ဟာ မေရီ (ခ) မရ်ယမ်သခင်မဖြစ်ပါတယ်။ အစ္စရေးလ်မျိုးနွယ်က ဖြစ်ပါတယ်။ သူမရဲ့မိခင်က သူ့မကို ဂျေရုစလင်မ်ဝတ်ကျောင်းတော်ကို သာသနာအတွက် လှူဒါန်းခဲ့ပါတယ်။ ဒါကြောင့် မရ်ယမ်သခင်မဟာ ငယ်ရွယ်စဉ်ကတည်းက ဂျေရုစလင်မ်ကျောင်းတော်မှာ တမန်တော်
ဇကရီယာရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းခဲ့ပြီး သန့်စင်တဲ့ အပျိုစင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူမအရွယ်ရောက်တဲ့အခါ အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ထံမှ မလာအိကဟ် ကောင်းကင်တမန်တစ်ပါး စေလွှတ်ပြီး သူမမှာ သားရတနာတစ်ပါး ဖွားမြင်မယ့်အကြောင်း သတင်းပေးခဲ့ပါတယ်။ မြတ်အလ္လာဟ်ရဲ့ စီမံမှုအမိန့်တော် (Divine Command ) အရ ဖခင်ရဲ့ အခန်းကဏ္ဍမပါဘဲ မိခင် မရ်ယမ်သခင်မဟာ သခင်ယေရှုလို့ခေါ်တဲ့ အီစာသခင်ကို မွေးဖွားတော်မူခဲ့ပါတယ်။ ဒါကြောင့် ဂျူးတွေက မရ်ယမ်သခင်မကို အမျိုးမစစ်သူဆိုပြီး စွပ်စွဲရှုတ်ချ ပြောဆိုခဲ့ကြလို့ အီစာသခင်လေးဟာ မိခင်ရဲ့ ရင်ခွင်ပိုက်အတွင်းကနေ မိမိဟာ မြတ်အလ္လာဟ်ထံက စေလွှတ်တဲ့ တမန်တော် တစ်ပါးဖြစ်ကြောင်း ၊ မိမိရဲ့ မိခင်ဟာလည်း သန့်စင်မြင့်မြတ်သူဖြစ်ကြောင်း အံ့ဖွယ်စကားပြောဆိုပြီး ရှင်းလင်းခဲ့ပါ တယ်။ သူအရွယ်ရောက်တဲ့အခါမှာလည်း မျက်စိကန်းနေသူတွေ ၊ အနူရောဂါစွဲကပ်နေသူတွေကို အလ္လာဟ်ရဲ့ ခွင့် ပြုချက်နဲ့ ပျောက်ကင်းစေခဲ့ပါတယ်။ ဒီ့အပြင် အလ္လာဟ်ရဲ့ ခွင့်ပြုချက်နဲ့ သူသေတစ်ဦးကိုတောင် ရှင်အောင်လုပ်ပြ နိုင်ခဲ့ပါတယ်။ သခင်ယေရှုအနေနဲ့ အစ္စရေးတွေရဲ့ အမှားတွေကို ပြုပြင်ဖို့ သွန်သင်လမ်းပြခဲ့ပေမယ့် အစ္စရေးတွေ က သူတို့လူမျိုး တမန်တော်ဖြစ်တဲ့ သခင်ယေရှုကိုတောင် နိုင်ငံရေးပုဒ်မတပ်ပြီး ရောမတွေဆီ တိုင်ကြားခဲ့ကြပြီး လက်ဝါးကပ်တိုင်တင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ အနှိုင်းမဲ့ကိုးကွယ်ရာမြတ်အလ္လာဟ်က မိမိရဲ့စေတမန်ဖြစ်တဲ့ ယေရှုခရစ်တော်ကို လက်ဝါးကပ်တိုင်အပေါ်အရောက်မခံဘဲ ကယ်တင်တော်မူခဲ့ပါတယ်။ ( ကုရ်အာန် ၄း၁၅၇)



ဂျူးဘာသာဝင်များနှင့် ဂျေရူစလင်မ်မြို့တော် ( Jews and Jerusalem )




ဂျူးတွေဟာ အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ကို သက်ဝင်ယုံကြည်ခဲ့ကြပေမယ့် ကမ္ဘာပေါ်မှာ အစ္စရေးလူမျိုး တွေသာ အလ္လာဟ်ရဲ့ ရွေးချယ်ခံလူများ ( Chosen People of the God ) ဆိုပြီး ကြွေးကြော်ခဲ့ကြပါသည်။ ဒီ့အပြင် အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ကိုတောင် အစ္စရေးတွေရဲ့ ကိုးကွယ်ရာအရှင် (Lord of the Israel ) ဆိုပြီး ကန့်သတ်ပြောဆိုမှုတွေ ပြုခဲ့ကြပါတယ်။ အစ္စရေးလူမျိုးကလွဲလို့ ကျန်ကမ္ဘာ့လူမျိုးအားလုံးကိုလည်း လူရိုင်း (Gentile ) များအဖြင့် သတ်မှတ်ပြောဆိုခဲ့ကြပါတယ်။ သူတို့တွေအတွက် အလ္လာဟ်ထုတ်ပြန်ပို့ချခဲ့တဲ့ ဓမ္မဟောင်း ကျမ်း ( Old Testament ) ထဲမှာ မြည်းစီးတဲ့ တမန်တော် သခင်ယေရှုနဲ့ အာရဗ်လူမျိုးတွေထဲက ကုလားအုပ်စီး တဲ့တမန်တော် မုဟမ္မဒ်သခင်ပေါ်ထွန်းမဲ့အကြောင်း ကြိုတင်ဟောကိန်း ဗျာဒိတ်တော်တွေ အတိအကျပါနေပေမယ့် သူတို့လူမျိုးဖြစ်တဲ့ သခင်ယေရှုကိုလည်း သတ်ဖို့ကြိုးစားခဲ့ပြီး တမန်တော် မုဟမ္မဒ်သခင်ကိုလည်း ဆန့်ကျင်ငြင်း ပယ်ခဲ့ကြပါတယ်။

ဒီ့အပြင် သူတို့တွေအတွက် အလ္လာထုတ်ပြန်ပို့ချခဲ့တဲ့ လမ်းညွှန်ကျမ်းတွေထဲက ကျင့်ရန် ကျဉ်ရန်တွေကိုလည်း မိမိ တို့စိတ်တိုင်းကျ ပြင်ဆင်ရေးသားခဲ့ကြပါတယ်။ သောင်ရဟ်ကျမ်း ၊ ဇဗူရ်ကျမ်းခေါ် ဆာလံကျမ်း အပါအ၀င်ဖြစ်တဲ့ ဓမ္မဟောင်းကျမ်းဟာလည်း မူရင်းစာပေနဲ့ မူရင်းလမ်းညွှန်အတိုင်း မရှိတော့ပါဘူး။ ဒါတင်မက သလ်မူဒ် (Talmud) ဆိုတဲ့ကျမ်းကို ရေးသားပြီး ကျင့်သုံးခဲ့ကြပါသေးတယ်။ အဲဒီခံယူချက်တွေအရဆိုရင်- ဂျူးတွေဟာ ဂျူးမဟုတ်သူတွေရဲ့ ဥစ္စာဓနတွေကို ပိုင်ဆိုင်ခွင့်ရှိကြတယ်။ အဲဒီလိုရခဲ့ရင်လည်း မိမိတို့ အပိုင်သာဖြစ်တယ်။ ဂျူးတွေဟာ ဂျူးမဟုတ်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို စီမံအုပ်ချုပ်ဖို့ ရွေးချယ်ခံထားရသူတွေဖြစ်ကြ တယ်။ လူတွေဟာ တိရစ္ဆာန်တွေထက် သာလွန်မြင့်မြတ်သလို ဂျူးတွေဟာလည်း ဂျူးမဟုတ်သူတွေထက် သဘာ ၀အားဖြင့် သာလွန်မြင့်မြတ်ကြတယ်။ ဒီ့အပြင် အလ္လာဟ်တားမြစ်ထားတဲ့ အတိုးအညွန့်စားသုံးခြင်းကိုလည်း ဂျူးတွေအနေနဲ့ ပြုပိုင်ခွင့်ရှိတယ်- စသဖြင့် ခံယူကျင့်သုံးလာကြတယ်။ သူတို့ရဲ့ ဒီခံယူချက်တွေဟာ ကမ္ဘာ့ငြိမ်းချမ်း ရေးအတွက် ကြီးမားတဲ့ အဟန့်အတားတစ်ရပ်ဖြစ်နေပါတယ်။ ဒီအချက်တွေဟာ ကျွန်တော်တို့လုပ်ကြံပြောဆိုနေ တာမဟုတ်ဘဲ ဂျူးတွေအနေနဲ့ ဗြောင်ကျကျ လက်တွေ့ကျင့်သုံးနေတဲ့ မူဝါဒဖြစ်တယ်ဆိုတာ တွေ့နိုင်ပါတယ်။
ဂျေရူစလင်မ်မှာ ယေရှုခရစ်တော်ကို လက်ဝါးကပ်တိုင်တင်ပြီး သတ်ဖို့ကြိုးစားခဲ့တဲ့ ပြစ်မှုကြောင့် အနှိုင်းမဲ့ကိုးကွယ် ရာ မြတ်အလ္လာဟ်က ပြစ်ဒဏ်အနေနဲ့ ဂျေရုစလင်မ်မြို့ကို ပျက်စေပြီး အစ္စရေးမျိုးနွယ်တွေလည်း နှင်ထုတ်ခြင်းခံ ခဲ့ကြရပါတယ်။ ဥရောပတိုက်မှာ ပြန့်ကျဲနေထိုင်ခဲ့ကြရပါတယ်။ ဒါတောင်ပြုပြင်ခြင်းမရှိဘဲ အလ္လာဟ့်ရဲ့လမ်းညွှန် အမိန့်တော်ကို ဆက်လက်ဆန့်ကျင်နေခဲ့ကြတဲ့အတွက် စပိန်နဲ့ပေါ်တူဂီနိုင်ငံတွေကလည်း နှင်ထုတ်ခံခဲ့ကြရပါတယ် ။ ဒီ့အပြင် အင်္ဂလန်နိုင်ငံက ၁၂၉၁ ခုနှစ်မှာ ၊ ပြင်သစ်နိုင်ငံက ၁၃၀၆ ခုနှစ်နဲ့ ၁၃၉၄ ခုနှစ်တွေမှာ နှစ်ကြိမ် ၊ ဘယ်လ်ဂျီယံက ၁၃၇၀ ခုနှစ်မှာ ၊ ချက်ကိုစလိုဗက်ကီးယားက ၁၃၈၀ ၊ ဟော်လန်က ၁၄၄၄ ၊ အီတလီက ၁၅၄၀ ၊ ဂျာမဏီက ၁၅၅၁ ၊ ရုရှားက ၁၅၁၀ ခုနှစ်တွေမှာ ဂျူးတွေ နှင်ထုတ်ခံခဲ့ကြရပါတယ်။ (ဟစ်တလာက ဂျူး ခြောက်သန်းကို သတ်ခဲ့တယ်ဆိုတဲ့အဆိုလည်း ပေါ်ထွက်ခဲ့ပါသေးတယ် ) ။ M.I. Faruqi ရေးသားတဲ့ Jewish Conspiracy and The Musilm World (Thinkers Library , 1991 ) စာအုပ်မှာ လေ့လာနိုင်ပါတယ်။

ခရစ်ယာန်ဘာသာဝင်များနှင့် ဂျေရူစလင်မ်မြို့တော် (Christians and Jerusalem)


ခရစ်ယာန် (Christian ) ဆိုတဲ့အမည်ဟာ ခရစ်တော် (Christ) ဆိုတဲ့ သခင်ယေရှုရဲ့ ဘွဲ့အမည်တစ်ခုကို အခြေပြု ပြီး ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ သခင်ယေရှုကို ခရစ်ယာန်တွေက Jesus Christ လို့ ခေါ်ပြီး မွတ်စလင်မ်တွေ က အီစာမဆီဟ် လို့ခေါ်ကြပါတယ်။ ဓမ္မသစ်ကျမ်းစာနဲ့ ကုရ်အာန်ကျမ်းစာအရ သခင်ယေရှုဟာ အစ္စရေးလူမျိုးတစ် ဦးဖြစ်ပြီး အစ္စရေးလူမျိုးတွေအတွက်သာ စေလွှတ်ခြင်းခံခဲ့ရတဲ့ တမန်တော် တစ်ပါးသာဖြစ်ပါတယ်။ သူ့ရဲ့ “နဗူဝသ်” ခေါ်တဲ့ တမန်တော် တာဝန်ဟာ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်မှု မရှိဘူးလို့ ဖန်ဆင်းရှင်အလ္လာဟ်ကိုယ်တိုင် က ရှင်းလင်းထားပါတယ်။ သခင်ယေရှုကို အစ္စရေးတွေက လက်ဝါးကပ်တိုင်တင်ပြီး သတ်ဖို့ကြိုးစားခဲ့ကြလို့ အလ္လာဟ်က ကယ်တင်ပြီးတဲ့ နောက်ပိုင်းမှာ သူ့ရဲ့နောက်လိုက်တွေကြားထဲမှာ သာဝကကြီး ဗရ်နားဗတ်စ် သခင်ရဲ့ အုပ်စုနဲ့ ရှင်ပေါလုအုပ်စုဆိုပြီး နှစ်ပိုင်းခွဲသွားခဲ့ကြပါတယ်။

(က) ဗရ်နားဗတ်စ် (ဗါနဗ) နှင့် အရှင်တစ်ဆူဝါဒ (Barnabas and Oneness of...



အဓိကအုပ်စုကတော့ သခင်ယေရှုရဲ့ တပည့်သာဝက ၁၂ ပါးထဲက အကြီးကဲဆုံးဖြစ်တဲ့ ဗရ်နားဗတ်စ် (St. Barnabas ) ဦးဆောင်တဲ့အုပ်စုပဲဖြစ်ပါတယ်။ သူတို့တွေက ကိုးကွယ်ရာအရှင်ဟာ အနှိုင်းမဲ့ “တစ် ” ဖြစ်ကြောင်း ၊ သခင်ယေရှုဟာ ထို (အလ္လာဟ် ) အရှင်မြတ်ရဲ့ ဖန်ဆင်းခံ စေတမန်တစ်ဦးသာဖြစ်ကြောင်း ဒါပေမဲ့ သခင်ယေရူ ကမ္ဘာပေါ်မှာမရှိတဲ့အခါ လူတွေကသူ့ကို သားတော်ဘုရား (God the Son ) အဖြစ် သမုတ်မှာဖြစ်ကြောင်း ဒီကိစ္စကို တမန်တော် မုဟမ္မဒ်သခင် ပေါ်ထွန်းလာပြီး ရှင်းလင်းမဲ့အကြောင်း ၊ တကယ်တော့ ဂျူးတွေရဲ့ ကြံစည်မှု အရ လက်ဝါးကပ်တိုင်ပေါ် အတင်ခံခဲ့ရတယ်ဟာ သခင်ယေရှုမဟုတ်ဘဲ သူ့ရဲ့သစ္စာဖောက်တပည့် ဂျူဒ (Judas) သာဖြစ်ကြောင်း၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအစ္စရေးလူမျိုး သစ္စာဖောက်တပည့် ဂျူဒဟာ ငွေအသပြာရယူပြီး ရောမစစ်သည်တွေနဲ့ အတူ သခင်ယေရှုကိုလာရောက်ဖမ်းဆီးချိန်မှာ ဖန်ဆင်းရှင်အလ္လာဟ်က ဂျူဒရဲ့ ရုပ်သွင်ကို သခင်ယေရှုရဲ့ရုပ်သွင်အဖြစ်ပြောင်းလိုက်တဲ့အတွက် အဲဒီ ဂျူဒကို ရောမစစ်သည်တွေက သခင်ယေရူဆိုပြီး ဖမ်းဆီးပြီး နောက်ဆုံး လက်ဝါးကပ်တိုင်ပေါ်တင်ခဲ့ခြင်းဖြစ်ကြောင်း ၊ သခင်ယေရှုဘ၀ရဲ့ မျက်မြင်သက်သေဖြစ်တဲ့ တပည့်သာဝကကြီး ဗရ်နားဗတ်စ်ကိုယ်တိုင် မှတ်တမ်းတင်ခဲ့တဲ့ Gospel of Barnabas “ဗရ်နားဗတ်စ် ရဲ့ ခရစ်ဝင်ကျမ်း” မှာ ဖော်ပြထားပါတယ်။

ဒီကျမ်းအပါအ၀င် အရှင်တစ်ဆူဝါဒကိုဖော်ညွန်းထားတဲ့ အခြား ဟီဗရူးကျမ်းစာတွေကို ခရစ်ယာန်အသင်း တော်တွေ ( Churches ) မှာ အေဒီ ၄ ရာစုနှစ်အထိ ဖတ်ကြားသွန်သင်မှုပြုခဲ့ကြပြီး အေဒီ ၃၂၅ ခုနှစ်မှာ Nicene Council (နီစင်းကောင်စီ) မှာ ဘုရင် ကွန်စတင်တိုင်းရဲ့ အမိန့်နဲ့ ဖတ်ကြားခြင်း လက်ဝယ်ထားရှိခြင်းတို့ကို ပိတ်ပင် ခဲ့တဲ့အတွက် လက်ဝယ်ထားရှိသူ လက်ခံကျင့်သုံးသူတွေ အသတ်ခံခဲ့ကြရပါတယ်။ ဒါကြောင့် သခင်ယေရှုနဲ့ ဗရ်နားဗတ်စ် တို့ရဲ့ အရှင်တစ်ဆူဝါဒ လက်ခံသူတွေဟာ မြေထဲပင်လယ်မြောက်ပိုင်း ဥရောပမှာ မနေနိုင်ကြတော့ ဘဲ မြေထဲပင်လယ်တောင်ပိုင်း ဒေသတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ပုပ်ရဟန်းမင်းကြီး Sixtus (အေဒီ ၁၅၈၅- ၁၅၉၀ ) ရဲ့မိတ်ဆွေ တစ်ဦးဖြစ်တဲ့ Fra Marino (ဖရာမာရီနို) ဟာ ပုပ်ရဟန်းမင်းကြီးရဲ့ ကိုယ်ပိုင်စာကြည့်တိုက်က ဗရ်နားဗတ်စ်သခင်ရဲ့ ခရစ်ဝင်ကျမ်းကို ရရှိခဲ့ပြီး အဆင့်ဆင့် လွှဲပြောင်း ပေးခဲ့ရင်းနဲ့ ၁၉၀၇ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ် ပုံနှိပ်တိုက်က အင်္ဂလိပ်ဘာသာပြန် အဖြစ် ထုတ်ဝေဖြန့်ချီခဲ့ပါတယ်။

(ခ) ရှင်ပေါလုနှင့် သုံးပါးတစ်ဆူဝါဒ (St. Paul and Trinity )


နောက်တစ်စုကတော့ ရှင်ပေါလုဦးဆောင်တဲ့ အုပ်စုဖြစ်ပါတယ်။ သူဟာ သခင်ယေရူကို မမြင်ဖူးခဲ့ပါဘူး။ ဒီ့အပြင် ဂျူးတစ်ဦးဖြစ်ပေမယ့် ရောမလက်အောက်ခံအရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သခင်ယေရှုကို လက်ခံတဲ့နောက်လိုက်တွေကို အရေးယူသတ်ဖြတ်နေသူတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ သခင်ယေရှုရဲ့ တပည့်သာဝကကြီးဖြစ်တဲ့ ဗရ်နားဗတ်စ်ရဲ့ သူငယ်ချင်းတစ်ဦးလည်းဖြစ်ပါတယ်။



ရှင်ပေါလုရဲ့သွန်သင်ချက်ကတော့ - ကိုးကွယ်ရာအရှင်ဟာ တစ်ဆူတည်းဖြစ်ကြောင်း ၊ ဒါပေမဲ့ အဘ ဘုရား ၊ သားတော် ဘုရားနဲ့ သန့်ရှင်းသော ၀ိညာဉ်တော် ( God the Father, God the Son and Holy Ghost ) တို့ ပါဝင်တဲ့ သုံးပါးတစ်ဆူဝါဒ (Trinity ) ဖြစ်ကြောင်း ၊ သခင်ယေရှုဟာ အလ္လာဟ်ရဲ့ တစ်ဦးတည်းသော သားတော်ဖြစ်ကြောင်း ကမ္ဘာဦးက အာဒမ်နဲ့ ဧ၀တို့ ကျူးလွန်ခဲ့ကြတဲ့အပြစ်ဟာ လူသားထုတစ်ဦးချင်လုံးအပေါ်မှာ ကျရောက်နေကြောင်း ၊ ဒါကြောင့် အဲဒီင်္အပြစ်တွေကို ဆေးကြောဖို့ ဖန်ဆင်းရှင်အလ္လာဟ်က မိမိရဲ့တစ်ဦးတည်း သော သားတော်ဖြစ်တဲ့ သခင်ယေရှုကို လက်ဝါးကပ်တိုင်ပေါ်တင်ပြီး သွေးနဲ့ ဆေးခဲ့ခြင်းဖြစ်ကြောင်း စသဖြင့် သင်ကြားခဲ့ပါတယ်။ ယခုလက်ရှိ ဓမ္မသစ်ကျမ်း (New Testament) မှာပါတဲ့ ရှင်မဿဲ ၊ ရှင်လုကာ ၊ ရှင်မာကုနဲ့ ရှင်ယောဟန်တို့ရဲ့ ခရစ်ဝင်ကျမ်း လေးကျမ်းကို ရေးသားသူတွေဟာလည်း ရှင်ပေါလုရဲ့ တပည့်များသာဖြစ်ကြပြီး သခင်ယေရှုကို မျက်မြင်သက်သေတွေ မဟုတ်ခဲ့ကြပါဘူး။ သခင်ယေရှုမရှိတော့တဲ့နောက်ပိုင်းမှာမှ အဲဒီကျမ်းတွေ ကို ရေးသားခဲ့ကြတာဖြစ်ပါတယ်။ အဲဒီကျမ်းတွေကို အေဒီ ၃၂၅ ခုနှစ်မှာ ဘုရင် ကွန်စတင်တိုင်းကအတည်ပြု သတ်မှတ်ပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒီလိုနဲ့ သုံးပါတစ်ဆူဝါဒဟာ ဘုရင်ရဲ့ အားပေးမှုကြောင့် ဥရောပတခွင်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

ဗရ်နားဗတ်စ်ရဲ့ အုပ်စုကတော့ ဓမ္မဟောင်းကျမ်းကို အလေးထားပြီး သခင်ယေရှုနောက်ပိုင်းမှာ တမန်တော် မုဟမ္မဒ်သခင်ပေါ်ထွန်းမဲ့အကြောင်းကိုလည်း သက်ဝင်ယုံကြည့်ခဲ့ကြပါတယ်။ ရှင်ပေါလုရဲ့ သုံးပါးတစ်ဆူဝါဒ လက်ခံတဲ့ အုပ်စုကတော့ ဓမ္မဟောင်းကျမ်းကို လက်ခံတယ်လို့ ပြောပေမယ့် အဓိကမထားကြပါဘူး။ သခင်ယေရှု ဘ၀ကို မျက်မြင်သက်သေအဖြစ် ရေးသားခဲ့တဲ့ ဗရ်နားဗတ်စ်ရဲ့ ခရစ်ဝင်ကျမ်းကိုလည်း လက်ခံကျင့်သုံးမှု မပြုကြပါ ဘူး ။ လက်ရှိ ဓမ္မသစ်ကျမ်းကိုသာ အလေးထားပြီး နောက်ဆုံးတမန်တော် မုရ်ဟမ္မဒ်သခင်ကိုလည်း လက်မခံကြ ပါဘူး ။

ညီနောင် ညီအမ အပေါင်းတို့ခင်ဗျာ

ပြီးခဲ့တဲ့အပါတ်က ဂျေရုစလင်မ် (ပထမပိုင်း) မှာ အစ္စရေးလူမျိုးများ ပေါ်ပေါက်လာပုံ၊ အီဂျစ်ကျွန်ဘ၀က တမန်တော် မူဆာက ကယ်တင်ခဲ့ပေမယ့် အလ္လာဟ့်ရဲ့အမိန့်တော်များကို ဆန့်ကျင်ခဲ့ကြတဲ့အတွက် နှစ် ၄၀ တောလည်ခဲ့ကြပုံ ၊ အဲဒီနောက် မျိုးဆက်သစ်တွေ ပေါ်ပေါက်လာခဲ့ပြီး တမန်တော် စုလိုင်မာန်ခေတ်မှာ ရွှေရောင် ခေတ် ထူထောင်နိုင်ခဲ့ကြပုံ ၊ အဲဒီနောက် သူတို့တွေရဲ့ဖောက်ပြန်မှုကြောင့် ဂျေရုစလင်မ်မြို့ နှစ်ကြိမ်ဖျက်ခံခဲ့ရပုံ တွေအကြောင်း တင်ပြခဲ့ပြီးပါပြီ ။ အခုဒီအပတ်မှာ ဂျေရုစလင်မ် (ဒုတိယပိုင်း) အနေနဲ့ ဂျေရုစလင်မ်မြို့တော်နဲ့ ဂျူးဘာသာ ၊ ခရစ်ယာန် ဘာသာတွေ ဆက်နွယ်ပံကို တင်ပြခဲ့ပါတယ်။ အင်ရှာအလ္လာဟ် - လာမယ့်အပတ်တွေမှာ ဂျေရုစလင်မ် (တတိယပိုင်း) အနေနဲ့ အစ္စလာမ်ဘာသာနဲ့ ဂျေရုစလင်မ်မြို့တော် ဆက်နွယ်ပုံ၊ ဂျေရုစလင်မ် (စတုတ္ထပိုင်း) မှာ ဗြိတိသျှတို့လက်အောက်မှာ ဇီယွန်ဝါဒ ပေါ်ပေါက်လာပုံကို တင်ပြပေးပါမယ်။ ဒီအပိုင်း ၄ ပိုင်းကို သီးခြားစီ လေ့လာနိုင်သလို အစအဆုံး လေ့လာခြင်းဖြင့် ခြုံငုံနားလည် သဘောပေါက်နိုင်မှာ ဖြစ်တဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

အလ်ဟာဂ်ျ မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)

0 comments:

Post a Comment